အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (မန္တလေး)၏ ဘားအံ၊ကျိုက်ထိုဒေသ သုတေသနနှင့် လေ့လာရေးခရီးစဉ် (၂၆-၂-၂၀၂၀)မှ(၂၉-၂-၂၀၂၀)။

(၂၀၁၉-၂၀၂၀)ပညာသင်နှစ်၊   စတုတ္ထနှစ်၊ ဒီပလိုမာ၊ မဟာဝိဇ္ဇာဒုတိယနှစ်၊ ကျောင်းသား/ ကျောင်းသူများ သုတေသနနှင့်လေ့လာရေးခရီးစဉ်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး)မှ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးမောင်မောင်ဇော်ထက် ဦးဆောင်သော ကျောင်းသား/ကျောင်းသူ (၁၂၇)ဦးသည် ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် မွန်ပြည်နယ် ကျိုက်ထို၊ သထုံမြို့များသို့ ၂၆-၂-၂၀၂၀မှ ၂၉-၂-၂၀၂၀ထိ လေ့လာရေးခရီးနှင့် အနုပညာဖလှယ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဒေသရှိ က္ကစ္ဆာသယဂူ၊ ဆန္ဒန်ဂူ၊ ကျောက်ကလပ်၊ ရသေ့ပျံဂူနှင့် ကျိုက်ထီးရိုးဘုရား၊ သထုံရွှေစာရံဘုရားများသို့ သွားရောက်ဖူးမျှော်ခဲ့ပြီး ဘားအံမြို့တွင် ဒေသခံတိုင်းရင်းသားများနှင့် အနုပညာနှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။