၂၀၂၀-၂၀၂၁ ပညာသင်နှစ်(ပထမနှစ်)အတွက် ပန်တျာသင်တန်းနှင့် ပန်းချီပန်းပုသင်တန်း လျှောက်လွာများခေါ်ယူခြင်း

(ကြော်ငြာ)
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
အနုပညာဦးစီးဌာန
အနုပညာအထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်ခေါ်ယူခြင်း
၁။ ရန်ကုန်မြို့နှင့်မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းများတွင်၂၀၂၀-၂၀၂၁ ပညာသင်နှစ် (ပထမနှစ်)အတွက် ပန်တျာသင်တန်းနှင့် ပန်းချီပန်းပုသင်တန်းသို့တက် ရောက်ရန် လျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။
၂။ အဆိုပါသင်တန်းများသို့ အောက်ပါအရည်အချင်းများနှင့်ကိုက်ညီသူများလျှောက်ထား နိုင်ပါသည်-
(က) ပန်တျာသင်တန်း၏ အနုပညာ(ဂီတ/သဘင်) သီးသန့်သင်တန်းအတွက် သတ္တမတန်း (Grade-8) အောင်မြင်သူဖြစ်ရမည်။
(ခ) ပန်တျာသင်တန်း၏ စာပေနှင့်အနုပညာ (ဂီတ/သဘင်) တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း (Grade-9) အောင်မြင်သူဖြစ်ရမည်။
(ဂ) ပန်းချီပန်းပုသင်တန်း၏ အနုပညာ(ပန်းချီ/ပန်းပု) သီးသန့်သင်တန်းနှင့် စာပေနှင့် အနုပညာ(ပန်းချီ/ပန်းပု)တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း(Grade-9) အောင်မြင်သူ ဖြစ်ရမည်။
(ဃ) ဂီတ(သို့မဟုတ်)သဘင်(သို့မဟုတ်)ပန်းချီ(သို့မဟုတ်)ပန်းပု အခြေခံပညာကို အသင့် အတင့် တတ်ရမည်။
(င) အသက်(၁၃) နှစ်မှ (၁၇)နှစ်အတွင်းရှိရမည်။
၃။ စာပေနှင့်အနုပညာတွဲဖက်သင်တန်းသို့ လျှောက်ထားသူများသည် အနုပညာဘာသာရပ် အပြင် အခြေခံပညာ ဒသမတန်း(Grade-10)၊ ဧကာဒသမတန်း (Grade-11) နှင့် ဒွါဒသမတန်း (Grade-12)ကို ပူးတွဲသင်ကြားခွင့်ရရှိပါမည်။
၄။ ပညာသင်ကြားနေသည့် လများတွင် တစ်လလျှင် ၃၀၀၀ဝိ/- နှုန်း ဖြင့်ထောက်ပံ့ကြေး ရရှိမည် ဖြစ်ပြီး ၃ နှစ်သင်တန်းပြီးဆုံးပါက အနုပညာသင်တန်းဆင်းလက်မှတ် (Certificate) နှင့် အခြေခံပညာအထက်တန်းအဆင့် သင်ယူပြီးမြောက်ခြင်းလက်မှတ် (Completion Certificate) ရရှိပါမည်။
၅။ လျှောက်ထားလိုသူများသည် အနုပညာဦးစီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့ရုံးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့် ဖုန်းအမှတ်၊ ၀၆၇ – ၃ -၄၀၈၀၃၇ ၊ ၀၆၇-၃-၄၀၈၄၄၃ ၊ ၀၁ – ၅၅၅၆၄၂ ၊ ၀၂ – ၄၀- ၆၁၁၆၉ ၊ ၀၂ – ၄၀- ၆၁၁၇၀ တို့သို့ စုံစမ်းမေးမြန်း၍ (၃၀.၄. ၂၀၂၀) ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။