နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း မြို့နယ်အတွင်းရှိ ရှေးဟောင်းနေရာဒေသများ၊ အုတ်ကုန်းဟောင်းများနှင့် ယဉ်ကျေးမှု အမွေအနှစ်များအား ကွင်းဆင်း သုတေသနပြုခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တူးဖော်၊ ရှေးပစ္စည်း၊ ကမ္ပည်းကျောက်စာ ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော် ကြီးကြပ်၍ ကမ္ဘာ့အမွေ အနှစ်ဒေသများဌာနခွဲ၊ ဗိဿနိုးဌာနစုမှ ဦးစီးအရာရှိ ဦးလင်းထွန်းကြည် ခေါင်းဆောင်သော ကွင်းဆင်းသုတေသန အဖွဲ့သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်း မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ ရှေးဟောင်းနေရာဒေသများ၊ အုတ်ကုန်း ဟောင်း များနှင့် ယဉ်ကျေးမှုအမွေအနှစ်များအား ကွင်းဆင်းသုတေသန ပြုလုပ်ငန်းကို (၁၅.၂.၂၀၂၀)ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကွင်းဆင်းသုတေသနအဖွဲ့သည် နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာသို့ (၁၈.၂.၂၀၂၀) ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ(၄၀၀) ခန့်တွင် မြို့ဟောင်းနေရာဟု ယူဆရသော စတုရန်းပုံ အုတ်ပန္နက် တစ်ခု ကို တွေ့ရှိခဲ့သဖြင့် တောင်ဘက်မြို့ရိုးဟုယူဆရသော အရှေ့၊ အနောက် အုတ်တန်းနေရာတွင် (၅)မီတာ ပတ်လည်ကျင်းကွက် (၆)ကွက်ဖြင့် စမ်းသပ် တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ရာ အရှေ့အနောက်တန်း နေသည့် အုတ်ရိုးတန်း ဟောင်းကို တွေ့ရှိခဲ့ပြီး၊ ၎င်းအုတ်ရိုးတန်းသည် ဗျက်(၇)ပေခန့်ကျယ်ပြီး အုတ်အရွယ်အစား များမှာ(၁၈x၉x၃)လက်မ၊ (၁၆x၈x၂.၅)လက်မ၊ (၁၇x၈x၂.၅)လက်မ တို့ကို အသုံးပြု ထားကြောင်း သိရှိရပါသည်။

အဆိုပါ အုတ်ရိုးတန်းနှင့်စပ်လျဉ်း၍ တွေ့ရှိရသော အထောက်အထား များအား သမိုင်းဆိုင်ရာ အထောက်အထားများနှင့် တိုက်ဆိုင်၍ ဆက်လက်သုတေသနပြု ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်ကျန်ရှိနေသည့် အဆိုပြုနေရာဒေသများအား ဆက်လက် သုတေသနပြု ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိပါသည်။