သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန အနုပညာအထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်ခေါ်ယူခြင်း

၁။      ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိ အနုပညာအထက်တန်းကျောင်းများတွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် ပန်တျာသင်တန်း နှင့် ပန်းချီပန်းပုသင်တန်းသို့ တက်ရောက်ရန် ကျောင်းသားသစ်များခေါ်ယူမည်ဖြစ်ပါသည်။

၂။       မြို့ပေါ် နှင့် ကျေးရွာအသီးသီးမှ အနုပညာဝါသနာပါ၍ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် သင်ကြားလိုသူများ လျှောက်ထားနိုင်ကြပြီး လျှောက်ထားသူများကို အနုပညာဦးစီး ဌာနမှ ဖွဲ့စည်းပေးသည့် စိစစ်ရေးအဖွဲ့များက အနုပညာအထက်တန်းကျောင်းများ(ရန်ကုန်/ မန္တလေး) တွင် စစ်ဆေးရွေးချယ်သွားမည်ဖြစ်ပါသည်။

၃။       အဆိုပါသင်တန်းများသို့ အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါ သည်-

(က)    ပန်တျာသင်တန်း၏ အနုပညာ(ဂီတ/သဘင်) သီးသန့်သင်တန်းအတွက် သတ္တမတန်း (Grade-8) အောင်မြင်သူဖြစ်ရမည်။

(ခ)     ပန်တျာသင်တန်း၏ စာပေနှင့်အနုပညာ (ဂီတ/သဘင်) တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း (Grade-9) အောင်မြင်သူဖြစ်ရမည်။

(ဂ)     ပန်းချီပန်းပုသင်တန်း၏ အနုပညာ(ပန်းချီ/ပန်းပု) သီးသန့်သင်တန်းနှင့် စာပေနှင့် အနုပညာ(ပန်းချီ/ပန်းပု)တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း(Grade-9) အောင်မြင်သူ ဖြစ်ရမည်။

(ဃ)    ဂီတ(သို့မဟုတ်)သဘင်(သို့မဟုတ်)ပန်းချီ(သို့မဟုတ်)ပန်းပု အခြေခံပညာကို အသင့် အတင့် တတ်ရမည်။

(င)     အသက်(၁၃) နှစ်မှ (၁၇)နှစ်အတွင်းရှိရမည်။

၄။      စာပေနှင့်အနုပညာတွဲဖက်သင်တန်းသို့ လျှောက်ထားသူများသည် အနုပညာဘာသာရပ် အပြင် အခြေခံပညာ ဒသမတန်း(Grade-10)၊ ဧကာဒသမတန်း(Grade-11) နှင့် ဒွါဒသမတန်း (Grade-12)ကို ပူးတွဲသင်ကြားခွင့်ရရှိပါမည်။

၅။      ပညာသင်ကြားနေသည့် လများတွင် တစ်လလျှင် ၃၀၀၀ဝိ/- နှုန်း ဖြင့်ထောက်ပံ့ကြေးရရှိမည် ဖြစ်ပြီး ၃ နှစ်သင်တန်းပြီးဆုံးပါက အနုပညာသင်တန်းဆင်းလက်မှတ် (Certificate) နှင့်  အခြေခံ ပညာအထက်တန်းအဆင့် သင်ယူပြီး‌မြောက်ခြင်းလက်မှတ် (Completion Certificate)ရရှိပါမည်။

၆။      လျှောက်ထားလိုသူများသည် အနုပညာဦးစီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့ရုံးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့် ဖုန်းအမှတ်၊ ၀၆၇ – ၃ -၄၀၈၀၃၇ ၊ ၀၆၇-၃-၄၀၈၄၄၃ ၊ ၀၁ – ၅၅၅၆၄၂ ၊ ၀၂ – ၄၀- ၆၁၁၆၉ ၊ ၀၂ – ၄၀- ၆၁၁၇၀ တို့သို့ စုံစမ်းမေးမြန်း၍ (၃၀.၄. ၂၀၂၀) ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။