သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲအောက်ရှိ အနုပညာအထက်တန်းကျောင်း(ရန်ကုန်၊မန္တလေး)တွင်တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများအတွက် အလှူရှင်များက သင်ထောက်ကူပစ္စည်းများလှူဒါန်းခြင်းနှင့် သင်ထောက်ကူပစ္စည်းများဖြည့်တင်းခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ရန်ကုန်မြို့နှင့် မန္တလေး မြို့များတွင် အနုပညာအထက်တန်းကျောင်းများ ဖွင့်လှစ်၍ မျိုးဆက်သစ်အနုပညာရှင်လူငယ်များ အား မွေးထုတ်ပေးလျက်ရှိပါသည်။ အနုပညာဦးစီးဌာနသည် အနုပညာအထက်တန်းကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းရေး တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)၌ (RC- 2 ထပ်) (၁၁၀ ပေ x ၇၀ ပေ x ၂၈ ပေ) ပန်းချီပန်းပုသင်ကြား ဆောင် ၁ လုံးကို ဆောက်လုပ်ခဲ့ပါသည်။ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း အနုပညာ အထက်တန်းကျောင်း(မန္တလေး)၌ ကျောင်းသား/ကျောင်းသူများအတွက် ၂ ထပ် သံကူ ကွန်ကရစ် (၁၂၈၀၀ စ/ပ)၂(၁၅၀ ပေ x ၄၀ ပေ)+(၄၀ ပေ x ၂၀ ပေ) ကျောင်းသားအိပ်ဆောင် ၁ လုံးကို တည်ဆောက်လျက်ရှိပါသည်။

          ပြင်ပပန်းချီလောကမှ ပန်းချီပညာရှင်များကလည်း ပန်းချီပန်းပုကျောင်းသား/ကျောင်းသူများ အတွက် တစ်တပ်တစ်အား ဝိုင်းဝန်းပံ့ပိုးပေးလျက်ရှိရာ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)ရှိ ပန်းချီပန်းပု သင်ကြားဆောင်သစ်တွင်အသုံးပြုရန်အတွက် ပန်းချီပုံဆွဲခုံ (Donkey Stand)များ၊  ပန်းချီပန်းပုဌာနစာကြည့်တိုက်အတွက် ပန်းချီပညာနှင့်ပတ်သက်သည့် စာအုပ်စာတမ်းများကို ဝင်းဖောင်ဒေးရှင်းနှင့် ဝင်းဖောင်ဒေးရှင်း၏နာယက ပန်းချီဆရာကြီးများက လှူဒါန်းခဲ့ပါသည်။  အဆိုပါလှူဒါန်းပွဲအခမ်းအနားကို ၂၄.၂.၂၀၂၀ ရက်နေ့တွင် ယင်းကျောင်းဆောင်သစ်၌ပင် ပြုလုပ်ခဲ့ ပါသည်။

          ထို့အပြင် ပန်းချီမင်းဇော် (ခ) ကိုဇော်ဟိန်းနှင့် မမြကေခိုင် မိသားစုကလည်း ကျောင်းသား/ ကျောင်းသူများအတွက် Locker (၃)လုံးကို ၃.၃.၂၀၂၀ ရက်နေ့တွင် လာရောက်လှူဒါန်းကြောင်း သတင်းရရှိပါသည်။အနုပညာဦးစီးဌာန