အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ ဓမ္မပူဇာတေးများဖြင့် သီကျူးပူဇော်ခဲ့ခြင်း

၆.၃.၂၀၂၀ရက်(သောကြာနေ့)တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ် အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ၆.၃.၂၀၂၀ရက်(သောကြာနေ့)တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများ တိပိဋကစရ တိပိဋကကောဝိဒဆရာတော်များနှင့် ၂၀၂၀ပြည့်နှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင်ဝန်ထမ်းများက ထူးမခြားနား သီချင်းနှင့်အတူ ဓမ္မပူဇာတေးများကို မြန်မာ့ရိုးရာ တူရိယာ၊စောင်း၊ ဆိုင်းဝိုင်းကြီးတို့ဖြင့် တွဲဖက်၍ သီကျူးပူဇော်ခဲ့ပါသည်။