အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ ဓမ္မပူဇာတေးများဖြင့် သီကျူးပူဇော်ခဲ့ခြင်း

၈.၃.၂၀၂၀ရက်(တနင်္ဂနွေနေ့)တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ၈.၃.၂၀၂၀ရက်(တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ် ခဲ့သည့် ၂၀၂၀ပြည့်နှစ်၊ သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားတွင် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှအနုပညာရှင်ဝန်ထမ်းများက ထူးမခြားနားသီချင်းနှင့်အတူ ဓမ္မပူဇာတေး များကို မြန်မာ့ရိုးရာတူရိယာ၊စောင်း၊ ဆိုင်းဝိုင်းကြီး တို့ဖြင့် တွဲဖက်၍ သီကျူးပူဇော်ခဲ့ပါသည်။