သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)မှ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် (၃)ထပ်စာသင်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို (၁၁-၃-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် တက္ကသိုလ်ဝင်းအတွင်းရှိ သတ်မှတ်ထားသော မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။