အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနား

ချင်းချောင်းနန်းတော် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လှူဒါန်းပွဲအခမ်းအနား

စင်ကာပူနိုင်ငံ Singapore Tourism Board မှ ကြီးမှူး၍ ရန်ကုန်မြို့ရှိ ချင်းချောင်း နန်းတော်၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည့် Singapore Festival ၌ လက်မှတ်ရောင်းချရငွေ ၁၀၇၃၃၆၀ဝိ/- ကို  ချင်းချောင်းနန်းတော် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လှူဒါန်းပွဲအခမ်းအနားအား ၁၆.၃.၂၀၂၀ ရက်နေ့၊ နံနက် ၁၀၀၀ နာရီအချိန် တွင် ချင်းချောင်းနန်းတော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

                အဆိုပါလှူဒါန်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Vanessa Chan ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) မှ ဒုတိယပါမောက္ခချုပ် ဦးညွန့်ဝင်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်၊ အနုပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်နှင့်တာဝန်ရှိသူများ၊ Singapore Tourism Board မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။           လှူဒါန်းပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံရုံးမှ သံအမတ်ကြီး               H.E. Vanessa Chan က အဖွင့်အမှာစကား ပြောကြားပြီးနောက် အနုပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က ထိုကဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း  ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက်  သံအမတ်ကြီးက  လှူဒါန်းငွေ ကျပ် ၁၀၇၃၃၆၀ဝိ/-(ကျပ်တစ်ရာ့ခုနှစ်သိန်းသုံးသောင်းသုံးထောင့်ခြောက်ရာတိတိ)ကို ပေးအပ် လှူဒါန်းခဲ့ရာ အနုပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က လက်ခံရယူ ခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့၍ အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ၁၁၀၀ နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်းနှင့် အဆိုပါအလှူငွေများကို စင်ကာပူသံရုံးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ Account ထဲသို့ ထည့်ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။