နည်းပညာမိတ်ဆက်ပွဲ

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် ဟွေယွန်းကုမ္ပဏီတို့ ပူပေါင်းပြုလုပ်သော နည်းပညာမိတ်ဆက်ပွဲကို ၂၈.၂.၂၀၂၀ ရက်နေ့၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ NUAC(Ygn) သရဖီဆောင် တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးမြတ်သူရက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟွေယွန်းကုမ္ပဏီ၏ အရှေ့တောင်အာရှတာဝန်ခံက ထုတ်ကုန်များမိတ်ဆက်ပြသပါသည်။ ဆက်လက်၍ ပုံဆွဲတက်ဘလက် အသုံးပြု၍ သုံးဖက်မြင်သရီးဒီရုပ်လုံးကြွပုံရေးဆွဲခြင်း story board ရေးဆွဲခြင်းများကို ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ပညာရှင်များက လက်တွေ့ရေးဆွဲပြသခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများက သိလိုသည်များကိုမေးမြန်းကြပြီး ဖုန်းနှင့် တွဲဖက် သုံးသော တက်ဘလက်တစ်လုံး မဲဖောက်ပေးခဲ့သည်။ ပန်းချီပညာဌာနအတွက် ပုံကူးတက်ဘလက်တစ်လုံးပေးအပ်ရာ ဒုတိယပါမောက္ခချုပ်(စီမံ) နှင့် ပါမောက္ခ(ပန်းချီ)တို့က လက်ခံရယူခဲ့ကြပါသည်။ ဆက်လက်၍ NUAC နှင့် ဟွေယွန်းကုမ္ပဏီတို့ ပူးပေါင်းပြီး တက်ဘလက်ပုံဆွဲနည်းပညာများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။