အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ ဓမ္မပူဇာတေးများဖြင့် သီကျူးပူဇော်ခဲ့ခြင်း

၁၁.၃.၂၀၂၀ရက်(ဗုဒ္ဓဟူးနေ့)တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ပြည့်နှစ်၊ မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှအနုပညာရှင်ဝန်ထမ်းများက ထူးမခြားနားသီချင်းနှင့်အတူ ဓမ္မပူဇာတေးများကို မြန်မာ့ရိုးရာတူရိယာ၊ စောင်း၊ ဆိုင်းဝိုင်းကြီးတို့ဖြင့် တွဲဖက်၍ သီကျူး ပူဇော်ခဲ့ပါသည်။