အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အမှတ်(၆၀၄၊၆၀၈)၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) Website www.nlm.gov.mm မှ စာကြည့်တိုက်ပိုင် e-Resources များကို Online အသုံးပြုရှာဖွေခြင်းဝန်ဆောင်မှုကို ၃-၄-၂၀၂၀ ရက်နေ့မှ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကြေညာခြင်း

အများပြည်သူအနေဖြင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website www.nlm.gov.mm တွင် ဝင်ရောက်၍ စာကြည့်တိုက်ပိုင် e-Resources များကို ၃-၄-၂၀၂၀ ရက်နေ့မှစတင်၍ Online မှ ရှာဖွေ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ စုဆောင်းထားသော စာပေပစ္စည်းများ ၏ စာရင်းအချက်အလက်များကို အမျိုးသားစာကြည့်တိုက် Website Homepage မှ Resources ရှိ Online စာရင်း (Online Public Access Catalogue)တွင် အချိန်တိုအတွင်း လျင်မြန်လွယ်ကူစွာ ရှာဖွေ နိုင်ပါသည်။ ထို့ပြင် စာကြည့်တိုက် Website တွင် အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့် ဒီဂျစ်တယ် စာစုများဖြစ်သည့် စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်၊ ပညာရေးဆိုင်ရာအစီရင်ခံစာများ၊ ရှေးဟောင်း သုတေသနဆိုင်ရာစာစုများ၊ ဗုဒ္ဓစာပေဆိုင်ရာစာအုပ်များ၊ စွယ်စုံကျမ်းများ၊ ကလေးစာပေဆိုင်ရာ စသည့် e-Resources များအား ချိတ်ဆက်ဆောင်ရွက်ထားပြီး စာဖတ်သူများအနေဖြင့် အမျိုးသားစာကြည့်တိုက် Website ရှိ NL e-Resources နှင့် Quick Links တို့တွင် ဝင်ရောက်ရှာဖွေအသုံးပြုနိုင်ပါသည်။ ထို့ပြင် အမျိုးသားစာကြည့်တိုက်အနေဖြင့် Online မှ အများပြည်သူအသုံးပြုဖတ်ရှုနိုင်ရန် IG Publishing e-Books Database တစ်ခုကို ဆောင်ရွက်ထားရှိပြီး ယင်း Database များမှာ Asian Literature Collection၊ Rare Books on Asian Literature Collection (အာရှဒေသတွင်းနိုင်ငံများ ဆိုင်ရာစာအုပ်များ)၊ Children Literature Collection; Audio and e-Books (ကလေးစာပေဆိုင်ရာ Audio နှင့် e-Books) များစသည့် electronic resources စုစုပေါင်း (၃၀၀၀၀)ကျော်ကိုလည်း စာဖတ်သူ များအနေဖြင့် Online မှ ရှာဖွေအသုံးပြုနိုင်မည်ဖြစ်ပါသည်။ IG Publishing e-Books Databases များ ကို Online မှ အသုံးပြုရာတွင် လွယ်ကူစေရန် အဆင့်လိုက်ဝင်ရောက်ရမှုများကို Library Portal ရှိ Notice တွင် ရှင်းလင်းဖော်ပြထားပါသည်။ eTekkaatho ဒီဂျစ်တယ်စာကြည့်တိုက်ဝန်ဆောင်မှုနှင့် Rsearch 4 Life Program Database၊ ProQuest Database စသည့် ဒီဂျစ်တယ်စာစုများကိုမူ အမျိုးသားစာကြည့်တိုက်ဖွင့်လှစ်သည့်အခါတွင် စာကြည့်တိုက်သို့ လူကိုယ်တိုင်လာရောက် ရှာဖွေအသုံးပြုနိုင်ပါသည်။