မူမှန်ပြက္ခဒိန် ရောင်းချခြင်း

၁။         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ရဟန်းရှင်လူပြည်သူအများ တညီတညွတ်တည်း သုံးစွဲနိုင်ရန်အတွက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့က မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ကို ရေးဆွဲ၍ အနုပညာဦးစီးဌာနက နှစ်စဉ် ရောင်းချပေးလျှက် ရှိပါသည်။

၂။       ယခုနှစ်တွင်လည်း မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ပညာရှင်များက ရေးဆွဲထားသည့် မြန်မာသက္ကရာဇ် ၁၃၈၂-၁၃၈၃ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်းမှစတင်၍ တစ်စောင်လျှင် ၁၀၀၀ဝိ/- (ကျပ်တစ်သောင်း တိတိ) ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ အနုပညာဦးစီးဌာန(နေပြည်တော်)  တွင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။