သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို တူးဖော်သုတေသနပြုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမှ တွေ့ရှိ ထိန်းသိမ်းခြင်း၊ လာရောက်လှူဒါန်းမှုများမှ စုဆောင်းထိန်းသိမ်းကာ အမျိုးသားပြတိုက် များ၊ ရှေးဟောင်း သုတေသနပြတိုက်များတွင် ထိန်းသိမ်းပြသခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လ မှ ဧပြီလအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ နတ်ကျွန်းရပ်၊ အိမ်မှတ်(၈၃၃)နေ ဒေါ်ခင်ဝင်း မှ အေဒီ ၇ ရာစု မှ ၁၀ ရာစုအတွင်း ကျောက်ပုတီးစေ့များ၊ ကျောက်ပုတီးစေ့ ကုန်ကြမ်းများ အပ်နှံခဲ့ခြင်းအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ ဆုကြေးငွေ ၁၆၇၇၄ဝဝိ/-(ကျပ် တစ်ဆယ့် ခြောက် သိန်း ခုနစ်သောင်း ခုနှစ်ထောင် လေးရာတိတိ) နှင့် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဇီးတောကျေးရွာအုပ်စု၊ ဇီးတော ရွာသစ်ကျေးရွာနေ ဦးဇော်မိုး+ ဒေါ်ခင်မာချို မှ သံခေတ် မြေထည်ပစ္စည်း (၂၄)ခုကို အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေ ၁၄၄၀၆၃/-(ကျပ် တစ်သိန်း လေးသောင်း လေးထောင် ခြောက်ဆယ့် သုံးတိတိ)တို့ကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ ဆုကြေးငွေများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန