နေပြည်တော် မေ ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတွင် လစဉ်ဖတ်ကြားလျက်ရှိသော ဌာနတွင်း သုတေသန စာတမ်းဖတ်ပွဲနှင့် Book Review ဖတ်ကြားခြင်းအခမ်းအနားအား စဉ်ဆက်မပြတ်ကျင်းပနိုင်ရေးအတွက် Video Conferencing system ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေ လ၂၈ ကြာသာပတေးနေံ နံနက် (၁၀:၀၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ ကျင်းပပြုလုပ်ရာ စာတမ်းရှင် ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာမြမြသောင်းက ညောင်ရမ်းခေတ်တွင်ကျင်းပသော ဆယ့်နှစ်လရာသီပွဲတော်စာတမ်းစာတမ်းကိုဖတ်ကြားသွားခဲ့ပါသည်။ ထို့နောက်စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများပြုလုပ်ကြကာ အခမ်းအနားကို (၁၂၀၀)နာရီတွင် ခေတ္တရပ်နားခဲ့ကာ မွန်းလွဲ (၁)နာရီတွင် Book Review ဖတ်ကြားခြင်းကိုစတင်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသူဇာညွှန့်မှ Dale Carnegic ရေးသားသော How to win Friends and Influence People စာအုပ်ကို Book Review အဖြစ်ဖတ်ကြားတင်သွင်းခဲ့ပါသည်။