သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဌာနတွင်း Book Review ဖတ်ကြားခြင်းအခမ်းအနား ကျင်းပပြီးစီး

နေပြည်တော် ဇွန် ၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတွင် လစဉ်ဖတ်ကြားလျက်ရှိသော ဌာနတွင်း Book Review ဖတ်ကြားခြင်း အခမ်းအနားအား စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးအတွက် Video Conferencing  system ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန် လ ၄ ကြာသပတေးနေ့ နံနက် (၁၀:၀၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အဆောင်(C)ရှိ International Conference Hall ၌  Book Review ဖတ်ကြားခြင်းကိုစတင်ခဲ့ပြီး ဦးရွှေယု (သုတေသနအရာရှိ)မှ Prince Damrong Rajanubhad ရေးသားသော The Chronicle of our wars  with the Burma and Siam စာအုပ်ကို Book Review အဖြစ်ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးကြပြီး အခမ်းအနား ကို (၁၁၃၀)ချိန်ခန့်တွင်ပြီးမြောက်ခဲ့ပါသည်။