သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Lee Sang -hwa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Lee Sang-hwa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၁၂.၆.၂၀၂၀) ရက်နေ့ ၊ နံနက်(၁၀:၃၀) နာရီ အချိန်တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ အကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ဆဲကိစ္စရပ်များ၊ COVID -19 အလွန် ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား သာသနာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိပါသည်။