Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါ ဖြစ်ပွားနေသောကာလအတွင်း အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ စာကြည့်တိုက်လှုပ်ရှားမှုများကို Online မှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်း

နေပြည်တော်ဇွန် (၁၁)

Covid – 19 ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း ရောဂါကာကွယ်တားဆီးနိုင်ရေး အတွက် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဝန်ဆောင်မှုလုပ်ငန်းများအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ မှစ၍ ယာယီပိတ်ထားခဲ့ပြီး၊ ပုံမှန်စာကြည့်တိုက်လုပ်ငန်းများနှင့် ရုံးလုပ်ငန်းများအား စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိသည်။ Covid – 19 ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း စာကြည့်တိုက်နှင့်ပတ်သက်၍ ပြည်သူများအတွက် အစီအစဉ်များကို တင်ဆက်လျက်ရှိိပါသည်။

          အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ စာကြည့်တိုက်မှူးများအနေဖြင့် စာကြည့်တိုက် လုပ်ငန်းများ၊  စာကြည့်တိုက်ပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့စေရန်အတွက် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) နှင့် Toshokan Ryutsu Center(TRC) တို့ ပူးပေါင်း ပြုလုပ်သော အစီအစဉ်တစ်ရပ်ဖြစ်သည့် Homemade Face Project အစီအစဉ် Face ပုံစံ Video file များကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်) Facebook နှင့် Website www.nlm.gov.mm တို့တွင် online မှတစ်ဆင့် ဝန်ဆောင်မှုများ ပေးခြင်းကို ဖော်ပြပေးလျက် ရှိပါသည်။

          စာဖတ်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များအတွက် အမျိုးသား စာကြည့်တိုက်(ရန်ကုန်)နှင့် TRC ၏ Intersection 60 ကို အခြေခံပြီး Homemade Face Projectကို မျက်နာပုံစံအမျိုးမျိုး၏ Video file များကို တင်ဆက်ခြင်းဖြစ်ပါသည်။ ယခုအစီအစဉ်တွင် ကလေးများစိတ်ဝင်စားမည့် (အငြိမ့်မင်းသမီး)၊ (ဇော်ဂျီ)၊ (ဇာတ်မင်းသား)၊ (ဆရာဝန်)၊ (ငှက်စိတ်တို)၊ (သစ်ကုလားအုတ်)    Face ပုံစံ Video file များကို ကလေးများ အလွယ်တကူလိုက်ပါပြုလုပ်နိုင်ပြီး ယခုပြုလုပ်ထားသည့် မျက်နှာပုံလေးများကို မည်သူမဆို ပျော်ရွှင်စွာ ပါဝင်နိုင်အောင်ရည်ရွယ်၍ တင်ဆက်ခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။