နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏(၇၅)နှစ် မြောက် မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသမီးပန်းချီပညာရှင် ၇၅ ဦး၏ ပန်းချီပြပွဲကို Online Exhibition အဖြစ် ပြသမည်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ၊ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလမှ စတင်၍ ဒေသခံပြည်သူလူထု နှင့် နိုင်ငံကျော် ပန်းချီ ပညာရှင်များ ပူးပေါင်းပါဝင်သည့် ပန်းချီ ပြပွဲများကို ကျင်းပ ပြုလုပ် ခဲ့ပါသည်။ယခုအခါ အမျိုးသားပြတိုက်(ရန်ကုန်)၌ အထူးပြပွဲတစ်ရပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇွန်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြု၍ အမျိုးသမီးပန်းချီပညာရှင်(၇၅)ယောက်၏ ပန်းချီကား (၇၅) ကားကို Online Art Exhibition အဖြစ် ပြသမည်ဖြစ်ပါသည်။ယင်းပန်းချီပြပွဲအပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်(ရန်ကုန်/ နတ်မောက်)တို့၌ ၇၃ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ခင်းကျင်း ပြသ ပစ္စည်းများကို Online Art Exhibition ဖြင့် ပြသမည် ဖြစ်ရာ စိတ်ဝင်စားသူ မည်သူမဆို လွယ်လင့်တကူ ကြည့်ရှုနိုင်ရန်အတွက် အမျိုးသားပြတိုက်(ရန်ကုန်)၏ Website ဖြစ်သော https://www. nationalmuseumyangon.gov.mm/75-for-75-th တွင် (၁၈.၆.၂၀၂၀) ရက်နေ့ ည (၁၂:၀၀)နာရီ အချိန်မှစတင်၍ ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန