ဌာနတွင်း သုတေသနစာတမ်းဖတ်ပွဲနှင့် Book Review ဖတ်ကြားခြင်းအခမ်းအနား ကျင်းပပြီးစီး

နေပြည်တော် ဇွန် ၂၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတွင် လစဉ်ဖတ်ကြားလျက်ရှိသော ဌာနတွင်း သုတေသန စာတမ်းဖတ်ပွဲနှင့် Book Review ဖတ်ကြားခြင်းအခမ်းအနားအား စဉ်ဆက်မပြတ်ကျင်းပနိုင်ရေးအတွက် COVID – 19 ကာလအတွင်း Video Conferencing system ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန် လ၂၅ ကြာသပတေးနေ့ နံနက် (၁၀:၀၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အဆောင်(C)ရှိ International Conference Hall နှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တို့၌ ကျင်းပပြုလုပ်ရာ စာတမ်းရှင် လ/ထညွှန်ကြားရေးမှူး၊ ဒေါ်ချိုချိုနွယ်က ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာနှင့် ရာဇဝင်ကျမ်းများကို နှိုင်းယှဉ်လေ့လာချက် စာတမ်းကိုဖတ်ကြားသွားခဲ့ပါသည်။ ထို့နောက်စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများပြုလုပ်ကြပြီးနောက် Book Review ဖတ်ကြားခြင်းကိုဆက်လက်ကျင်းပခဲ့ပြီး လ/ထညွှန်ကြားရေးမှူး ဒေါက်တာနှင်းယုခိုင်မှ SUDHA SHAH ရေးသားသော THE KING IN EXILE စာအုပ်ကို Book Review အဖြစ်ဖတ်ကြားတင်သွင်းခဲ့ပါသည်။