ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် India နိုင်ငံမှ Archaeological Survey of India အဖွဲ့ ပြုပြင်ထိန်းသိမ်းသည့် ဘုရားများ ကြည့်ရှုစစ်ဆေး၍ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

ဆက်လက်၍ ပုဂံရှေးဟောင်းသုတေသနပြတိုက် တွင် ကျင်းပပြု လုပ်သော ASI က ထိန်းသိမ်း ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးသည့် အခြေအနေအား ရှင်းလင်းတင်ပြသည့် အခမ်းအနား သို့ တက်ရောက် ခဲ့ပြီး ASI အဖွဲ့နှင့် ဆောင်ရွက်မည့် အခြေအနေ များအား ရှင်းလင်း ဆွေးနွေးခဲ့ရာ ASI Team မှ Mr Somla Nailk (ASAE) မှ ရှေးဟောင်း အဆောက်အအုံ ပြုပြင်ထိန်းသိမ်း မှုလုပ်ငန်းများ နှင့်ပတ်သက်၍ ၂၀၂၀ ခုနှစ်တွင် ဦးစားပေးပြုပြင် ထိန်းသိမ်းခဲ့သော ရှေးဟောင်း အဆောက်အအုံ များဖြစ်သည့် ၂၀၉၅၊ ၁၄၀၁၊ ၁၆၀၀၊ ၂၀၁၃၊ ၁၂၁၉၊ ၂၀၁၁ ဘုရားများ ပြုပြင် ထိန်းသိမ်းခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့သည်။ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ထိန်းသိမ်းရေးလုပ်ငန်းများကို ASI Team နှင့် တွဲဖက်ကာ လုပ်ငန်း ဆောင်ရွက်ရ သည့်အတွက် ထိန်းသိမ်းမှုလုပ်ငန်း ဆိုင်ရာ တန်ဖိုးမဖြတ်နိုင်သော အကျိုး ကျေးဇူးများ အတွေ့အကြုံကောင်း များကို ရရှိ ခဲ့ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ပါကြောင်း၊ ASI အဖွဲ့အား ကျေးဇူးအထူးတင်ရှိ ပါကြောင်း ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် ပုဂံဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ ဆွေးနွေး ပွဲ တက်ရောက် ခဲ့ပြီး ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က နံရံပန်းချီရှိ ရှေးဟောင်း အဆောက်အအုံ များ နှင့် ငလျင်ဒဏ်ခံရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်း ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြုပြင်ထိန်းသိမ်းရေး ဌာနစုမှ ဒုတိယညွန်ကြားရေးမှူး ဦးညီမွန်း နှင့် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် အရာထမ်းများ၏ တင်ပြချက်များအပေါ် သုံးသပ် ဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် သည် ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်း နှင့် တာဝန်ရှိသူများ၊ ASI (Aecheological Survey of India) မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၀ ခုနှစ်ဇွန်လ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် ASI မှပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သော ဘုရားအမှတ်(၂၀၉၅) တန်ဆောင်း ဘုရား၊ ဘုရားအမှတ် (၁၄၀၁)နှင့် ပုဂံဌာနခွဲက ပထမအဆင့်ဆောင်ရွက် ပြီးစီး ခဲ့သော ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင် ဘုရားတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။