၂၀၂၀ ပြည့်နှစ် ဒုတိယအကြိမ် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ “ဘာသာ၊ ယဉ်ကျေးမှုနှင့်အနုပညာရပ်များအဖွဲ့”၏ စာတမ်းဖတ်ပွဲ

            ၂၀၂၀ ပြည့်နှစ် ဒုတိယအကြိမ် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ “ဘာသာ၊ ယဉ်ကျေးမှုနှင့် အနုပညာရပ်များအဖွဲ့”၏ စာတမ်းဖတ်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇွန်လ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ LRC ခန်းမ၌ Zoom Application အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် စာတမ်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

             “ဘာသာ၊ ယဉ်ကျေးမှုနှင့် အနုပညာရပ်များအဖွဲ့”တွင် တက္ကသိုလ်(၈)ခုမှ စာတမ်းရှင် (၂၀)ဦး ဖတ်ကြားခွင့်ရရှိခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒေါ်ဝင်းပပ၊ တွဲဖက်ပါမောက္ခ (သဘင်)က A Study on Preservation and Development of Myanmar Marionette Theatre”  စာတမ်းကိုလည်းကောင်း၊ ဒေါ်ပပမျိုး၊ ကထိက(ရုပ်ရှင်နှင့်ပြဇာတ်)က “A Comparative Study of Sale U Pon Nya’s ‘Paduma’ and  William   Shakespeares’s Hamlet” စာတမ်းကိုလည်းကောင်း၊ ဒေါ်ခင်ခိုင်ခိုင်လဲ့၊ လက်ထောက်ကထိက(ဂီတ)က Mouth Music”  စာတမ်းကိုလည်းကောင်း၊ ဒေါ်မေဇင်ထွေး၊ လက်ထောက်ကထိက(ပန်းပု)က “Research Techniques on Experimenting Colors of Glaze for Ceramic Artwork” စာတမ်းကိုလည်းကောင်း ဖတ်ကြားခဲ့ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဒေါ်အေးမြတ်မြတ်မွန်၊ လက်ထောက်ကထိက(သဘင်)က “Stage Design and Decoration of Myanmar Marionette” စာတမ်းကို Zoom Application အသုံးပြု၍ဖတ်ကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။