အသိပေးကြေညာခြင်း

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့တွင် အာဇာနည်နေ့ အထူးပြပွဲများ အဖြစ် နှစ်စဉ် ဇူလိုင်လ (၁၉၊၂၀၊၂၁)ရက်များတွင် ဖွင့်လှစ် ပြသ ခဲ့ပါသည်။ ယခုအခါ COVID-19 ရောဂါ ထိန်းချုပ်ရေးကာလဖြစ်သောကြောင့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲများကို ပြသခြင်းမပြုတော့ဘဲ ပြတိုက်များကို ပိတ်ထားမည်ဖြစ်ပါသည်။သို့ရာတွင်အများပြည်သူလေ့လာနိုင်ရန်အတွက် Online Exhibition အဖြစ် ပြသသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)အတွက် https://www.nationalmuseumyangon.gov.mm နှင့် https://www.facebook.com/nationalmuseumyangon တို့တွင်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်)အတွက် https://www.generalaungsanmuseum.com တို့တွင် လည်းကောင်း ကြည့်ရှုလေ့လာ နိုင်ပါသည်။ ထို့ပြင်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website http://www.moculture.gov.mm/?p=6947 , Facebook- MORAC-CultureNews, https://m.facebook.com/Officialmorac/၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန Facebook၊ https://www.facebook.com/deptarnmnpt/ ၊ အမျိုးသားပြတိုက် (နေပြည်တော်)၏ https://www.facebook.com/National-Museum-Nay-Pyi-Taw-809739482451309 Facebook- National Museum Nay Pyi Taw တို့တွင် (၁၆.၇.၂၀၂၀) ရက်နေ့မှ စ၍ တစ်နှစ်ပတ်လုံး ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(ရန်ကုန်) ရှိ ခင်းကျင်းပြသထားမှုအခြေအနေ

Bogyoke Aung San Museum (Yangon)

General Aung San Museum (Natmout)