စာအုပ်များ၊ ရုပ်ရှင်ကင်မရာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ ဒေါက်တာမြင့်သိန်းဖေ၏ “စာအုပ်များ၊ ရုပ်ရှင်ကင်မရာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား”ကို (၁၄-၇-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်ရှိ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အလှူရှင် ဒေါက်တာမြင့်သိန်းဖေ၊ အကယ်ဒမီများရှင် ဒါရိုက်တာ စည်သူ ဦးကြည်စိုးထွန်း၊ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ စာကြည့်တိုက်မှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် အလှူရှင် ဒေါက်တာမြင့်သိန်းဖေက လှူဒါန်းရသည့်အကြောင်း မုဒိတာစကား ပြောကြားပြီး တက်ရောက်လာသည့် အကယ်ဒမီများရှင် ဒါရိုက်တာ စည်သူ ဦးကြည်စိုးထွန်းနှင့် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်တို့က ရုပ်ရှင်ပညာတိုးတက်လာစေရန် မုဒိတာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် အလှူရှင်မှ စာအုပ်များ၊ ရုပ်ရှင်ကင်မရာနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။     ဆက်လက်၍ အလှူရှင် ဒေါက်တာမြင့်သိန်းဖေက လှူဒါန်းသည့် ရုပ်ရှင်ကင်မရာနှင့် ဆက်စပ်ပစ္စည်းများအကြောင်း ရှင်းလင်းပြသခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။