COVID-19 ကာလအတွင်း အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ လှုပ်ရှားမှုများ

နေပြည်တော်
(၁၃-၇-၂၀၂၀)
Corona virus Disease 2019 (COVID-19) ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ ဝန်ဆောင်မှု လုပ်ငန်း များကို ခေတ္တ ပိတ်ထားစဉ်ကာလအတွင်း စာဖတ်သူများလိုအပ်သည့် အချက်အလက်များကို online မှ တဆင့် ဝန်ဆောင်မှုပေးခြင်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ကလေးသူငယ်များအတွက် ဝတ္ထုတိုများ၊ ပုံပြင်များဖတ်ပြပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
စာဖတ်သူစိတ်ဝင်စားသော စာအုပ်များဖြစ်သည့် ကောင်းပြည့်သော် ရေးသားသည့် လူငယ်တို့ရဲ့ ခမ်းနားသော ပစ္စုပ္ပန် တောက်ပသော အနာဂတ် စာအုပ်နှင့် True Learning မှ ထုတ်ဝေသည့် Albert Eistein သိပ္ပံပညာရပ်တို့ရဲ့ဘုရင် စာအုပ်တို့ကို Book Review ပြန်လည်ရေးသား၍ အနုပါလာ ရေးသား သည့် Under my bed စာအုပ်နှင့် နိုနီရေးသားသည့် The Moon and the Cap စာအုပ်တို့ကို ဘာသာပြန် ၍လည်းကောင်း အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ Face Book Page တွင် ဖော်ပြပေးလျက်ရှိ သည့်အပြင် ၁၉-၇-၂၀၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသော အားဖြင့် ၁၉၄၇ ခုနှစ်တွင် နိုင်ငံခြားသတင်းစာများတွင် ရေးသားထုတ်ဝေခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လုပ်ကြံခံရမှုသတင်းများ၊ ဈာပနသတင်းများ၊ လုပ်ကြံခံရမှုတရားခွင် စစ်ဆေးမှုမှတ်တမ်း ဓာတ်ပုံများကိုလည်း ဖော်ပြပေးလျက်ရှိပါသည်။
ထို့ပြင် ကျောင်းသား/ကျောင်းသူများ၊ ကလေးသူငယ်များအတွက် ပြက္ခဒိန်များနှင့်လူ ဝတ္ထုတို စာအုပ်ကို လည်းကောင်း၊ ကျေးဇူးသိတတ်သော ပုရွက်ဆိတ်ကလေး ဆိုသည့် ပုံပြင်စာအုပ်ကို လည်းကောင်း၊ မေတ္တာတရား ဆိုသည့်ပုံပြင်စာအုပ်ကို လည်းကောင်း ဗွီဒီယိုဖိုင်များဖြင့် ဖတ်ကြားပြသ ပေးလျက်ရှိပါသည်။
ဆက်လက်၍ လက်မှုပညာကို စိတ်ပါဝင်စားသူများနှင့် ကလေးငယ်များအတွက် ရောင်စုံစက္ကူများ ဖြင့် Paper Craft (Dream Catcher) ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း ဗွီဒီယိုဖိုင်များဖြင့် ဖော်ပြပေးလျက်ရှိပါ ကြောင်း သတင်းရရှိပါသည်။