“Out of KNOT ” နှောင်ထုံးမဲ့ “Art Exhibition

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ မဟာဝိဇ္ဇာ(ပထမနှစ်) ပန်းချီအထူးပြု ကျောင်းသားများ၏   “Out of KNOT ” နှောင်ထုံးမဲ့ ” Art Exhibition ပန်းချီပြပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၀)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ  Online အနုပညာပြပွဲအဖြစ် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

            COVID-19 ကမ္ဘာ့ကပ်ရောဂါ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန် ၂၀၂၀ မတ်လနောက်ဆုံးပတ်မှ စတင်၍ ကျောင်းသားများနှင့် Face to Face သင်ကြားမှုများ ရပ်နားထားရှိခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ်အနုပညာ သင်ကြားရေးနှင့် အနုပညာလှုပ်ရှားမှုများကို Online စနစ်အသုံးပြုခြင်းဖြင့် စတင်ဆောင်ရွက်လာခဲ့ကြပါသည်။

            ပန်းချီပညာဌာနအနေနှင့် နှစ်စဉ် မေလတွင် MA အနုပညာပြပွဲကို ပြတိုက်၊ ပြခန်းအသုံးပြု၍ ကျင်းပမြဲဖြစ်သော်လည်း ယခုပညာသင်နှစ်တွင် ကပ်ရောဂါအခြေအနေများကြောင့် ကျင်းပဆောင်ရွက် နိုင်ခဲ့ခြင်းမရှိခဲ့ပါ ။

            New Normal Art Activity အဖြစ် Online အခွင့်အလမ်းကို အသုံးပြု၍ ပန်းချီအထူးပြု မဟာဝိဇ္ဇာ(ပထမနှစ်)ကျောင်းသားများ၏ အနုပညာလှုပ်ရှားမှုတစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

            တက္ကသိုလ်၏ ပထမဦးဆုံးအကြိမ် အွန်းလိုင်းအနုပညာပြပွဲလည်းဖြစ်သော်လည်း MA ကျောင်းသားများ၏ ပြပွဲခင်းကျင်းမှုဆိုင်ရာ ကြိုးစားအားထုတ်မှုများနှင့် အနုပညာလက်ရာဖန်တီးမှုများကို www.departmentofpaintingygn.com မှ ဝင်ရောက်ကြည့်ရှုအားပေးကြရန် ဖိတ်ကြားအပ်ပါကြောင်း သတင်းရရှိပါသည်။
August 20 – 30 September 2020 Out of KNOT Art Show