ရှေးဟောင်းဝတ္ထုပစ္စည်းများအပ်နှံခြင်းနှင့် လှူဒါန်းခြင်းတို့အတွက် ဆုကြေးငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်၍ စုဆောင်းထိန်းသိမ်းလျက်ရှိ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှ တွေ့ရှိ သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း များကို တာဝန်သိသိ လာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏ မူလတန်ဖိုးအပြင် အနုစိတ် လက်ရာ တန်ဖိုးနှင့် ရှေးဟောင်းခေတ်ကာလတန်ဖိုးများပါ ထပ်ဆောင်း လျက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍လည်းကောင်း၊ လှူဒါန်းလာရောက် မှုများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ လည်းကောင်း၊ ယဉ်ကျေးမှုတန်ဖိုးမြင့်မားသော ရှေးဟောင်း ဝတ္ထုပစ္စည်း များကိုစုဆောင်းထိန်းသိမ်းလျက်ရှိပြီးယင်းတို့၏ တန်ဖိုးကို သိရှိတန်ဖိုး ထားတတ်စေရန် အများပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝက်လက် မြို့နယ်၊ ဟန်လင်းစံပြကျေးရွာနေ ဒေသခံ(၆)ဦး မှ ကျောက်ခေတ်၊ သံခေတ်၊ ပျူခေတ် မှ မြေထည်ပစ္စည်းများ၊ ကျောက်လက်နက်များ အပ်နှံခဲ့ခြင်းအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မှ ဆုကြေးငွေ ၁၁၂၈၄၆/-(ကျပ်တစ်သိန်း တစ်သောင်း နှစ်ထောင်ရှစ်ရာလေးဆယ့် ခြောက်တိတိ)ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ ဆုကြေးငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန