ဌာနတွင်း သုတေသနစာတမ်းဖတ်ပွဲနှင့် Book Review ဖတ်ကြားခြင်းအခမ်းအနား ကျင်းပပြီးစီး

နေပြည်တော် သြဂုတ် ၂၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတွင် လစဉ်ဖတ်ကြားလျက်ရှိသော ဌာနတွင်း သုတေသနစာတမ်းဖတ်ပွဲနှင့် Book Review ဖတ်ကြားခြင်း အခမ်းအနားအား စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးအတွက် COVID-19 ကာလအတွင်း Video Conferencing system ဖြင့် ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ ၂၇ ရက်၊ ကြာသပတေးနေ့ နံနက်(၁၀း၀၀)နာရီတွင် အမျိုးသား စာကြည့်တိုက်(နေပြည်တော်)၊ အဆောင်(C)ရှိ International Conference Hall နှင့် အမျိုးသားစာကြည့် တိုက်(ရန်ကုန်)တို့ ၌ ကျင်းပပြုလုပ်ရာ စာတမ်းရှင် လ/ထညွှန်ကြားရေးမှူး၊ ဒေါ်မွန်သီရိစိုးကရခိုင်ဒေသ နိုင်ငံရေးပြောင်းလဲမှုအခြေအနေများကိုလေ့လာတင်ပြခြင်း(၁၉၄၅-၄၈) စာတမ်းကို ဖတ်ကြားသွားခဲ့ပါသည်။ ထို့နောက် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက် ဆွေးနွေးခြင်းများပြုလုပ်ကြပြီးနောက် Book Review ဖတ်ကြားခြင်းကို ဆက်လက်ကျင်းပခဲ့ပြီး လ/ထညွှန် ကြားရေးမှူး ဒေါ်မြတ်မာလာလွင်မှ Otto Karow ရေးသားသော Burmese Buddhist Sculpture စာအုပ်ကို Book Review အဖြစ် ဖတ်ကြားတင်သွင်းခဲ့ပါသည်။