ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဝန်ထမ်းများ၏ သား/ သမီး များအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ ယဉ်ကျေးမှုရတနာခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်တွင် ကျင်းပခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား/ ကျောင်းသူများကို ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားကြမည့် သား/သမီးများအတွက် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ငါးဘာသာဂုဏ်ထူးရှင် မောင်သတိုးထိပ်တင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)မှ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ငါးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၆)ဦး စုစုပေါင်း (၁၂)ဦးတို့အား ပညာရည်ချွန် ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် မူလတန်းအဆင့်(၃၂၈)ဦး၊ အလယ်တန်းအဆင့် (၂၇၇)ဦး၊ အထက်တန်း အဆင့်(၂၁၃)ဦး၊ တက္ကသိုလ်/ဒီဂရီကောလိပ်/ ကောလိပ်အဆင့် (၃၁၄)ဦး၊ စုစုပေါင်း(၁၁၄၄)ဦးတို့အား ပညာသင်ထောက်ပံ့ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။