အနုပညာရှင်၀န်ထမ်းများ အနုပညာ အရည်အသွေးများ မြှင့်တင်ရန်ဌာနတွင်းသင်တန်းများသင်ကြားခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)တို့ရှိ အနုပညာရှင်၀န်ထမ်းများ အနုပညာ အရည်အသွေးများ မြှင့်တင်ရန်နှင့် စဉ်ဆက်မပြတ် စနစ်တကျ ကျွမ်းကျင်မှုရှိစေရန် စီမံချက်များရေဆွဲ၍ ဌာနတွင်းယိမ်းအက သင်တန်း၊ ရုပ်သေးကြိုးဆွဲသင်တန်း၊ ဓမ္မတေး(အဆို)သင်တန်းနှင့် အတီးအမှုတ်သင်တန်းများကို ၄.၈.၂၀၂၀ ရက်နေ့မှစ၍ သက်ဆိုင်ရာနေရာများတွင် သင်ကြား ဆောင်ရွက်လျက်ရှိပါသည်။