အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်၊ ဝန်ထမ်းများ၏ ကျောင်းနေ သား/သမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း (၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)၏ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်၊ ဝန်ထမ်းများ၏ ကျောင်းနေ သား/သမီး များအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို (၃-၉-၂ဝ၂ဝ)ရက်နေ့၊ နေ့လယ်ပိုင်း တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ ပင်မအုပ်ချုပ်ရေးရုံး၊ အစည်း အဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်နှင့်အတူ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ ပါဝင်တက်ရောက်ခဲ့ကြပြီး ပါမောက္ခချုပ်မှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်/ကောလိပ်အဆင့် ကျောင်းသား/ ကျောင်းသူများ ကိုယ်စား မိဘတစ်ဦးစီအား ဝန်ကြီးဌာနနှင့်တက္ကသိုလ်တို့မှ ထောက်ပံ့ခဲ့သည့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ b��X|$4