ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း QUARANTINE ဝင်ရောက်လျက်ရှိသော အစိုးရဝန်ထမ်းများနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း Quarantine ဝင်ရောက်လျက်ရှိသော အစိုးရဝန်ထမ်းများနှင့် ကျန်းမာရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တာဝန်ယူ စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် လေးကျွန်းသူဖောင်ဒေးရှင်းတို့မှ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင် ဧည့်ရိပ်သာရှိ အဆောင် ၅၆ တွင် ကျင်းပသည်။
လှူဒါန်းပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး) က ငွေကျပ် သိန်း ၄၀၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) က ငွေကျပ်သိန်း ၄၀၊ လေးကျွန်းသူ ဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၃၀၊ စုစုပေါင်းငွေကျပ် သိန်း ၁၁၀ တို့ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတို့က ပေးအပ်လှူဒါန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြပါသည်။
(သတင်းစဉ်)