သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
အနုပညာဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ အောက်ဖော်ပြပါတည်ဆောက် ရေးလုပ်ငန်းများအတွက်ဈေးပြိုင်ပေးသွင်းသူများအားဖိတ်ခေါ်အပ်ပါသည်-
(က) နေပြည်တော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးဝင်းအတွင်း စတို ဆောင် (၁)လုံး တည်ဆောက်ခြင်းလုပ်ငန်း (၂ ထပ်RC ၆၀ –၈၀) (Apron & Drain အတွင်းရေ၊မီး၊မိလ္လာ၊ Ground Tank ၊Pump House & Overhead Tank အပါအဝင်)
(ခ) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘောဇရိပ်သာဝင်းအတွင်းရှိ အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)တွင် ပန်တျာဌာနသင်ကြားဆောင်(၁)လုံး တည် ဆောက်ခြင်းလုပ်ငန်း (၂ ထပ်RC ၁၁၀ –၇၀) (Apron & Drain အတွင်း ရေ၊ မီး၊ မိလ္လာ၊ Ground Tank၊Pump House & Overhead Tank အပါအဝင်)
(ဂ ) ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊အာဇာနည်ဝန်ထမ်းအိမ်ရာဝင်းအတွင်း၊ ဝန်ထမ်း အိမ်ရာ(၁)လုံးတည်ဆောက်ခြင်းလုပ်ငန်း (၂ ထပ်RC ၁၃၀ –၄၅)(Apron & Drain အတွင်းရေ၊ မီး၊ မိလ္လာ၊ Ground Tank၊Pump House & Overhead Tank အပါအဝင်)
၂။ သို့ဖြစ်ပါ၍ တင်ဒါလျှောက်လွှာများအား အောက်ဖော်ပြပါအတိုင်း ဝယ်ယူနိုင်ရန်အသိပေး အကြောင်းကြားအပ်ပါသည်-
(က) တင်ဒါစတင်ရောင်းချမည့်ရက် – ၇.၁၀.၂၀၂၀
(ခ) တင်ဒါပိတ်မည့်ရက် – ၆.၁၀.၂၀၂၀
(ဂ) တင်ဒါပိတ်မည့်အချိန် – နေ့လယ် ၁၂၀၀ နာရီ
(ဃ) တင်ဒါပုံစံရောင်းချမည့်နေရာ/တင်ဒါ – (၁) အနုပညာဦးစီးဌာန၊
တင်သွင်းရန်နေရာ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန ၊
နေပြည်တော်
(၂) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊
မြို့မကျောင်းလမ်း၊
အမျိုးသားဇာတ်ရုံ(ရန်ကုန်)
(င) လုပ်ငန်း(က၊ခ၊ဂ)အတွင်တင်ဒါပုံစံ – ၁၀၀၀၀/-
(၁)စောင်လျှင်ကျသင့်တန်ဖိုး
၃။ တင်ဒါစည်းကမ်းချက်များနှင့် တင်ဒါခေါ်ယူသည့်အချက်များ အသေးစိတ်သိရှိလိုပါကအောက် ဖော်ပြပါဖုန်းနံပါတ်များသို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-
ဆက်သွယ်ရန်ဖုန်း – ၀၆၇၃ – ၄၀၈၁၃၇/၄၀၈၀၈၅/၀၁- ၃၉၅ – ၁၅၇
***မှတ်ချက်။ တင်ဒါဖွင့်မည့်ရက်နှင့်အချိန်အားဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပါသည်။