“မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရုပ်မြင်သံကြားပဟေဠိပြိုင်ပွဲ”တွင်ပါဝင်ယှဉ်ပြိုင်ခြင်း

“မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရုပ်မြင်သံကြားပဟေဠိပြိုင်ပွဲ”ကို (၇-၉-၂၀၂၀)ရက်နေ့ မှ (၉-၉-၂၀၂၀)ရက်နေ့အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန(ရန်ကုန်)တွင် အနယ်နယ်အရပ်ရပ် က ပြိုင်ပွဲဝင်(၂၄)ဦးအား အဖွဲ့(၈)ဖွဲ့ခွဲ၍ Level I , II , III အဆင့်(၃)ဆင့်ဖြင့် ကျင်းပခဲ့ရာ  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးနှစ် ဇာတ်ညွှန်းပညာအထူးပြု မောင်ထိန်လင်းဦး၊ မငွေစင်သွန်း၊ မရွှေရည်ဖူးသွယ် တို့က ပထမဆု၊ တတိယနှစ်သရုပ်ဆောင်ပညာအထူးပြု မောင်ကျော်ညွန့် ကို နှင့် တတိယနှစ်ဇာတ်ညွှန်းပညာအထူးပြု မဝင်းယုနန္ဒာလင်း၊ မနှင်းလဲ့ခိုင်တို့က ဒုတိယဆုနှင့် နောက်ဆုံးနှစ် ကင်မရာပညာအထူးပြု မောင်ကျော်စည်သူ၊ တတိယနှစ်တည်းဖြတ် ပညာအထူးပြု မဖြိုးအိစံ တို့က တတိယဆု အသီးသီး ရရှိခဲ့ပါသည်။ ဆောင်းပါးပြိုင်ပွဲတွင်လည်း ဒေါ်အေးအေးဟန်၊ ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) နှင့် ဦးသက်ဦး၊ လက်ထောက်ကထိက(ရုပ်ရှင်နှင့် ပြဇာတ်) တို့သည် အထူးဆုများအသီးသီး ရရှိခဲ့ကြပါသည်။