အေဒီ ၁၅-၁၆ ရာစု စဉ့်ထည်(၁၆)ခု အပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယ(အနောက်)ကျေးရွာနေ ဦးတင်လှ မှ ယာမြေရှင်းလင်းရာတွင် တွေ့ရှိရသည့် အေဒီ ၁၅-၁၆ရာစု စဉ့်ထည်ပစ္စည်း(၁၆)ခုအား ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ထားဝယ်ဌာနခွဲသို့ လာရောက်အပ်နှံခဲ့သဖြင့် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဆန်းချီ ရပ်ကွက်၊ ကမ်းနားလမ်း၊ ယဉ်ကျေးမှုပြတိုက်(ထားဝယ်)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။





ဦးတင်လှလှူဒါန်းသော ရှေးဟောင်းပစ္စည်းများပုံ

အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်က ယခုကဲ့သို့ အေဒီ ၁၅-၁၆ ရာစု စဉ့်ထည်ပစ္စည်း(၁၆)ခုကို တာဝန်သိစွာဖြင့် လာရောက်အပ်နှံခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေးဟောင်းပစ္စည်းများ ကာကွယ် ထိန်းသိမ်း ခြင်းလုပ်ငန်းတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း ရှင်းလင်းပြောြကားပြီး ဝန်ကြီးက အေဒီ ၁၅-၁၆ရာစု စဉ့်ထည်ပစ္စည်း(၁၆)ခု အပ်နှံသူ ဦးတင်လှအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပါသည်။ ဆက်လက်၍ ထားဝယ်ဌာနခွဲတာဝန်ခံ ဦးခင်မောင်စိုးက ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုဆုကြေးငွေ  ၄၀၁၆၈၅/- (ကျပ်လေးသိန်းတစ်ထောင် ခြောက်ရာရှစ်ဆယ့် ငါးတိတိ)ကို ပေးအပ်ချီးမြှင့်ပါသည်။ ထို့နောက် ဆုကြေးငွေ ရရှိသူကိုယ်စား ဦးအောင်မျိုးက ယခုကဲ့သို့ ဆုချီးမြှင့်ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြား ပါသည်။



တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်မှ အဖွင့်အမှာစကားပြောကြားနေပုံ

အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးသာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအေးအောင်၊ တနင်္သာရီ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ ဦးမျိုးသန့်နှင့် ထားဝယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းတို့ တက်ရောက်ကြောင်းသတင်းရရှိပါသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန