အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဒေါက်တာခင်ကြည်ပြာအာဆီယံ၏ (4IR)အတွက် ခိုင်မာသောမဟာဗျူဟာအစီအစဉ်ရေးဆွဲရေးပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခြင်း (၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်၊ မန္တလေး)

၁။      ယနေ့ခေတ်ကာလတွင် ဒီဂျစ်တယ်နည်းပညာသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လျက်ရှိပြီး COVID-19 ကပ်ရောဂါ ရင်ဆိုင်နေရသည့် ယခုလိုအချိန်ကာလတွင် ပိုမိုလိုအပ် လာမည်ဖြစ်ပါသည်။

၂။      အာဆီယံတွင် စတုတ္ထစက်မှုတော်လှန်ရေး(4IR Fourth Industrial Revolution)ကိုဆောင်ရွက်လျက်ရှိပြီးအာဆီယံ-ဩစတြေးလျဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ (4IR)အတွက် ခိုင်မာသောမဟာဗျူဟာအစီအစဉ်ကိုရေးဆွဲလျက်ရှိပါသည်။

၃။      သို့ဖြစ်ရာယင်းအစီအစဉ်အတွက် အာဆီယံ၏ မဏ္ဍိုင်များနှင့် ၎င်းတို့၏ သက်ဆိုင်ရာလုပ်ငန်းအစုအဖွဲ့များကအားလုံးပူးပေါင်းဆောင်ရန်လိုအပ်သဖြင့်  အာဆီယံ၏ (4IR)အတွက် ခိုင်မာသောမဟာဗျူဟာအစီအစဉ်ရေးဆွဲရေးပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကိုအာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ (၂၅-၁၁-၂၀၂၀)ရက်နေ့တွင် Zoom Meeting စနစ်ဖြင့် အဓိကအပိုင်း(၃) ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီးပထမအပိုင်းတွင် အုပ်ချုပ်မှုပိုင်းဆိုင်ရာနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး၊ ဒုတိယအပိုင်းတွင် ဒီဂျစ်တယ်စီးပွားရေး၊ တတိယအပိုင်းတွင် လူအဖွဲ့အစည်းအတွက် ဒီဂျစ်တယ်နည်းပညာပြောင်းလဲတိုးတက်ရေးစသည်တို့ကိုဆွေးနွေးခဲ့ကြပါသည်။

၄။      အဆိုပါ အလုပ်ရုံဆွေးနွေးသို့ အာဆီယံနိုင်ငံများ၏ သက်ဆိုင်ရာကဏ္ဍအသီးသီးဖြစ်သည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် အသီးသီးတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ တာဝန်ခံအရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ သက်ဆိုင်ရာတာဝန်ခံများစုစုပေါင်းနိုင်ငံတကာမှ ကိုယ်စားလှယ်(၁၅၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပြီးမြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်အဆင့်မြင့်အရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသောအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဒေါက်တာခင်ကြည်ပြာပါဝင် တက်ရောက်ခဲ့ပါသည်။