သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် သမိုင်းဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ သမိုင်း ဆိုင်ရာအချက်အလက်များ ပိုမိုပြည့်စုံမှန်ကန်လာစေရေး၊ သမိုင်းဆိုင်ရာအယူအဆ၊ အတွေး အခေါ်များ ပြည်သူလူထုများအကြား ပိုမိုစိတ်ဝင်စားသိမြင်လာစေရေး ရည်ရွယ်၍ “မြန်မာ့ သမိုင်း၏ လားရာအတိတ်နှင့် ပစ္စုပ္ပန်” ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းဖတ်ပွဲကို ၂၀၂၁ ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ ကျင်းပပြုလုပ် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
သို့ပါ၍ အဆိုပါ သုတေသနစာတမ်းဖတ်ပွဲတွင် ပါဝင်ဖတ်ကြားလိုသည့် စာတမ်းရှင်များ အား စာတမ်းများပေးပို့နိုင်ကြောင်း ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။ စာတမ်းဖတ်ကြားလိုသော စာတမ်းရှင်များအနေဖြင့် စာတမ်းအကျဉ်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် နောက်ဆုံးထား၍လည်းကောင်း၊ စာတမ်းအပြည့်အစုံကို Hard Copy / Soft Copy များဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် နောက်ဆုံးထား၍လည်းကောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန(နေပြည်တော်/ ရန်ကုန်)ရှိ အောက်ဖော်ပြပါလိပ်စာများသို့ ဆက်သွယ်၍ အချိန်မီပေးပို့နိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါသည်-
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန
ရုံးအမှတ်(၃၅)၊ နေပြည်တော်
ဆက်သွယ်ရမည့် ဖုန်းနံပါတ် – ၀၆၇-၃၄၀၈၃၈၄
၀၉-၂၅၀၇၀၀၄၈၀
၀၉-၂၅၄၀၇၅၅၅၈
သမိုင်းသုတေသနဌာန(ရန်ကုန်ရုံးခွဲ)
အမှတ် – ၈၅(A)၊ သီရိမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊
ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့
ဆက်သွယ်ရမည့် ဖုန်းနံပါတ် – ၀၁- ၆၅၈၁၅၂
၀၉-၄၂၀၀၀၆၁၆၁
၀၉-၄၂၀၇၀၀၈၆၄
၀၉-၄၃၀၃၁၂၈၀
၀၉-၉၇၇၂၆၂၇၃၄