(၂၆)ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို (၂၉-၁၁-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ပုလဲကျွန်းလမ်း ရွှေစေတီဝိစာရ ဓမ္မရိပ်သာ ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဓမ္မသာရအရှင်သူမြတ်နှင့် သံဃာတော် (၄)ပါးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၏ စုစုပေါင်းလှူဒါန်းမှုမှာ ၄၅၀၁၀၀ဝိ/ (ကျပ်လေးဆယ့်ငါးသိန်း တစ်ထောင်တိတိ)ကို လှူဒါန်းခဲ့ကြပါသည်။ NUAC(Ygn)