မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုများရရှိခြင်း

မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများရရှိခဲ့ကြပါသည်။

(က) မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ – ဒေါ်အေးအေးဟန်၊ ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) (အထူးဆု)- ဦးသက်ဦး၊ လက်ထောက်ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) (အထူးဆု)

(ခ) မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရုပ်မြင်သံကြားပဟေဠိပြိုင်ပွဲ- မောင်ထိန်လင်းဦး၊ စ/ရပ(ဇာတ်ညွှန်း)- ၁ (ပထမဆု)- မငွေစင်သွန်း၊ စ/ရပ(ဇာတ်ညွှန်း)- ၃ (ပထမဆု)- မရွှေရည်ဖူးသွယ်၊ စ/ရပ(ဇာတ်ညွှန်း)- ၂ (ပထမဆု)- မောင်ကျော်ညွန့်ကို၊ တ/ရပ(သရုပ်ဆောင်)- ၁ (ဒုတိယဆု)- မနှင်းလဲ့ခိုင်၊ တ/ရပ(ဇာတ်ညွှန်း)- ၄ (ဒုတိယဆု)- မောင်ကျော်စည်သူ၊ စ/ရပ(ကင်မရာ)- ၉ (တတိယဆု)- မဖြိုးအိစံ၊ တ/ရပ(တည်းဖြတ်)- ၈ (တတိယဆု)

(ဂ) ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဝတ္ထုတိုပြိုင်ပွဲ- ဒေါ်အေးအေးဟန်၊ ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) (အထူးဆု)

(ဃ) ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ- ဦးသက်ဦး၊ လက်ထောက်ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) (ဒုတိယဆု)

(င) ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ကဗျာပြိုင်ပွဲ (ဘွဲ့လွန်)- မောင်နိုင်လင်း၊ ၂-မဟာ/သဘ-၁၁(နည်းပြ-သဘင်) (ဒုတိယဆု)