ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဆုကြေးငွေ ချီးမြှင့်၍စုဆောင်းခြင်း၊ ယင်းတို့၏ တန်ဖိုးကို သိရှိတန်ဖိုးထားတတ်စေရန် အများပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အများပြည်သူများက သားစဉ်မြေးဆက် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများ၊နည်းအမျိုးမျိုးဖြင့် တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဤဦးစီးဌာနသို့ လာရောက်အပ်နှံ လာပါကလည်း ဤဦးစီးဌာနလက်အောက်ရှိ အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနပြတိုက်များတွင် စနစ်တကျ မှတ်တမ်းတင် စုဆောင်းထိန်းသိမ်း ပြသထားရှိပါသည်။ လာရောက်အပ်နှံသည့်ရှေးဟောင်းဝတ္ထုပစ္စည်းမှ ရွှေထည်ပစ္စည်းများကိုကာလပေါက်ဈေးအပြင် ခေတ်လက်ရာ၊ အနုစိတ်လက်ရာတန်ဖိုးတို့ကိုပါ ထပ်ဆောင်းချီးမြှင့် စုဆောင်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလအတွင်း မန္တလေးတိုင်းဒေသကြီး၊ သပိတ် ကျင်းမြို့နယ်၊ ဝါးဖြူ တောင်ကျေးရွာနေ ဦးအေးဝင်းခိုင်၊ ဒေါ်ဌေးဌေး၊ ဦးအောင်စိုးခိုင်တို့မှ ပျူခေတ် ကျောက်ပုတီး စေ့များ၊ သံခေတ် သံမယ်နနှင့် သံလျက်တို့အား အပ်နှံခြင်းအတွက်ဆုကြေးငွေ ၁၅၄၂၇၀/-(ကျပ်တစ်သိန်း ငါးသောင်းလေးထောင်နှစ်ရာခုနစ်ဆယ်တိတိ) အား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက် ဒေသ၊ပယ(အနောက်ကျေးရွာ) နေသူ ဦးတင်လှမှ ၁၅-၁၆ ရာစု စဉ့်မြေအိုးများ၊ စဉ့်ပန်းကန် ပြားများ၊ စဉ့်ပန်းကန်လုံးများ၊ စဉ့်ခွက်ငယ် များအား ရှေးဟောင်း သုတေသန နှင့်အမျိုးသား ပြတိုက်ဦးစီးဌာနသို့ အပ်နှံခဲ့သဖြင့် ကျပ်၄၀၁၆၈၅/- (ကျပ် လေးသိန်း တစ်ထောင် ခြောက်ရာ ရှစ်ဆယ့် ငါးတိတိ)အား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။

                                                          ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန