အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင်ကြည်ပြာအာဆီယံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၏ တတိယအကြိမ် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခြင်း (မန္တလေး၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်)

၁။           ဗီယက်နမ်နိုင်ငံ၊ SOCA ဥက္ကဋ္ဌမှ ကြီးမှူး၍ အာဆီယံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၏ တတိယအကြိမ် ဆွေးနွေးပွဲကို (၁၄-၁၂-၂ဝ၂ဝ)ရက်နေ့၊ နံနက်ပိုင်းတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံမှ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီအဆင့်မြင့် အရာရှိကြီးဖြစ်သူအမျိုးသားယဉ်‌ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင်ကြည်ပြာပါဝင်တက်ရောက်ခဲ့ပါသည်။

၂။            အဆိုပါဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ သက်ဆိုင်ရာပုဂ္ဂိုလ်များပါဝင်တက်ရောက် ခဲ့ကြပြီးအာဆီယံဒေသတွင်း COVID-19 ကပ်ရောဂါအားတုန့်ပြန်ရေးနှင့် ပြန်လည်ကုစားရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များကိုအဓိကထားဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိပါသည်။