လူတွေ့စစ်ဆေးခြင်းများ ကျင်းပပြုလုပ်မည့်ကိစ္စ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ စီမံရေးရာဌာနခွဲတွင် လစ်လပ်လျက်ရှိသည့် ဒုလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာ (၃)နေရာ၊ ဒုလက်ထောက်ဦးစီးမှူးရာထူးနေရာ (၁)နေရာ၊ လက်မှုကျွမ်းကျင်(၅)ရာထူးနေရာ (၁)နေရာ၊ ယာဉ်မောင်း(၅)ရာထူးနေရာ (၁)နေရာအတွက် (၁၇.၁၂.၂၀၂၀)ရက် (ကြာသပတေးနေ့)တွင် Online မှတစ်ဆင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ပါသဖြင့် လျှောက်ထားသူများ အနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

                                         အရည်အချင်းစစ်ဆေးရေးအဖွဲ့

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)