သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

You need to add a widget, row, or prebuilt layout before you’ll see anything here. 🙂

၁။      သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများအတွက် ဈေးပြိုင်ပေးသွင်းသူများအား ဖိတ်ခေါ်အပ်ပါသည်-

             (က)    မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနုပညာ ဦးစီးဌာနဝင်းအတွင်း ၆ ခန်း တွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ ၁ လုံး တည်ဆောက်ခြင်းလုပ်ငန်း (၉၀x ၅၀၊ ၄ ထပ် RC ၊ Apron & Drain ၊ အတွင်းရေ မီး၊ မိလ္လာ၊ Ground Tank၊ Pump House & Overhead Tank အပါအဝင်)

          ( ခ)    မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနုပညာဦးစီးဌာနဝင်းအတွင်း တွင် ပန်းချီပန်းပုဌာန သင်ကြားဆောင် RC နှစ်ထပ် ၁ လုံး တည်ဆောက်ခြင်း လုပ်ငန်း (၁၁၀x ၇၀ ၊ Apron & Drain ၊ အတွင်းရေ မီး၊ မိလ္လာ၊ Ground Tank ၊ Pump house & Overhead Tank အပါအဝင်)

          ( ဂ)    မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမျိုးသား ဇာတ်ရုံဝင်းအတွင်း ၁ ထပ် ထမင်းစားဆောင် RC ၁ လုံး တိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်း(၄၀x ၃၀၊ Apron & Drain၊ အတွင်းရေ၊ မီး အပါအဝင်)

၂။       သို့ဖြစ်ပါ၍ တင်ဒါလျှောက်လွှာများကို အောက်ဖော်ပြပါအတိုင်း ဝယ်ယူနိုင်ရန် အသိပေး အကြောင်းကြားအပ်ပါသည် –

          (က)    တင်ဒါစတင်ရောင်းချမည့်ရက်            –      ၂.၁၂.၂၀၂၀

          ( ခ)    တင်ဒါပိတ်မည့်ရက်                         –      ၃၁.၁၂.၂၀၂၀

          ( ဂ)    တင်ဒါပိတ်မည့်အချိန်                       –      နေ့လယ် ၁၂၀၀ နာရီ

          (ဃ)    တင်ဒါပုံစံရောင်းချမည့်နေရာ/             –      အမျိုးသားဇာတ်ရုံ(မန္တလေး)

          ( င)    လုပ်ငန်း (က၊ ခ) အတွက် တင်ဒါပုံစံ     –      ၁၀၀၀ဝိ/-

                   (၁)စောင်လျှင် ကျသင့်ငွေ                 

          ( စ)    လုပ်ငန်း (ဂ)အတွက်တင်ဒါပုံစံ            –        ၂၀၀ဝိ/-

                   (၁)စောင်လျှင် ကျသင့်ငွေ

၃။      တင်ဒါစည်းကမ်းချက်များကို အသေးစိတ် သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

          ဆက်သွယ်ရန်ဖုန်း      –        ၀၆၇၃-၄၀၈၀၃၇၊ ၀၂-၄၀ ၃၀၀၇၉၊ ၀၂-၄၀ ၆၁၁၆၈

*** မှတ်ချက်။           တင်ဒါဖွင့်မည့်ရက်နှင့် အချိန်ကို ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားမည် ဖြစ်ပါသည်။