အတွေ့အကြုံဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြီးစီး

နေပြည်တော် ဇန် ၁၈
သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ သုတေသနအရာရှိ ဒေါ်စိုးယုမော်မှ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဖွင့်လှစ်သင်ကြားသည့် Master of Arts (Religious Arts of Asia) သင်တန်းသို့ (၂၃.၉.၂၀၁၈)မှ (၃၀.၁၀.၂၀၂၀) ရက်နေ့အထိ တက်ရောက်ခဲ့သည့် အတွေ့အကြုံများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် Video Conferencing system ဖြင့်ကျင်းပခဲ့ပြီး တက်ရောက်လာကြသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။