အမျိုးသားစာကြည့်တိုက်ဥပဒေအရ နည်းဥပဒေရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး (Online Meeting) ဆောင်ရွက်ပြီးစီး

နေပြည်တော် ဇန်နဝါရီ ၂၁

အမျိုးသားစာကြည့်တိုက်ဥပဒေအရ နည်းဥပဒေပြုစုရေးဆွဲနိုင်ရေးအတွက် Online Meeting ဖြင့် ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးကို (၂၁-၁-၂၀၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဆောင်ရွက်ခဲ့ရာ အမျိုးသားစာကြည့်တိုက်ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ဥပဒေ ပညာရှင်ကြီးများနှင့် ဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အမျိုးသားစာကြည့်တိုက်ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ အမျိုးသားစာကြည့်တိုက်ကြီးကြပ်မှုအဖွဲ့အတွင်းရေးမှူး အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ညွှန်ကြားရေးမှူး ဒေါ်မြဦးက အမျိုးသားစာကြည့်တိုက်နည်းဥပဒေ ရေးဆွဲ နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဥပဒေပညာရှင်ကြီးများ၊ အမျိုးသားစာကြည့်တိုက်ကြီးကြပ်မှုအဖွဲ့ဝင်များ နှင့် တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ပြီး၊ အမျိုးသားစာကြည့်တိုက် ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်မြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။