ကျောင်းစာကြည့်တိုက်များအတွက် အခြေခံစာကြည့်တိုက်ပညာကျွမ်းကျင်မှု အွန်လိုင်းရက်တိုသင်တန်း အပတ်စဉ် (၁) ဖွင့်လှစ်ပြီးစီး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနက ကြီးမှူး၍ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)နှင့် (ရန်ကုန်) တို့ ပူးပေါင်းကာ (၆.၁.၂၀၂၁) ရက်နေ့မှ (၁၈.၁.၂၀၂၁) ရက်နေ့အထိ Zoom Platform Video Conferencing System ဖြင့် ဖွင့်လှစ်ခဲ့သည့် “ကျောင်းစာကြည့်တိုက်များအတွက် အခြေခံစာကြည့်တိုက် ပညာရက်တိုသင်တန်း အပတ်စဉ် (၁)” ဖွင့်လှစ်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။ သင်တန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်ကျောင်းများမှ စာကြည့်တိုက်တာဝန်ခံ ဆရာ/ဆရာမ (၃၃) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။