အခြေခံစာကြည့်တိုက်ပညာကျွမ်းကျင်မှု အွန်လိုင်းရက်တိုသင်တန်း အပတ်စဉ် (၂) သင်တန်း ဖွင့်လှစ်ပြီးစီး

********************************************

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနက ကြီးမှူး၍ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)နှင့် (ရန်ကုန်) တို့ ပူးပေါင်းကာ (၅.၁.၂၀၂၁) ရက်နေ့မှ (၁၈.၁.၂၀၂၁) ရက်နေ့အထိ Zoom Platform Video Conferencing System ဖြင့် ဖွင့်လှစ်ခဲ့သည့် “အခြေခံစာကြည့်တိုက်ပညာရက်တိုသင်တန်း အပတ်စဉ် (၂)” သင်တန်း ဖွင့်လှစ်ပြီးစီးခဲ့ပြီးကြောင်းသိရှိရပါသည်။