ဌာနတွင်း သုတေသနစာတမ်း ဖတ်ကြားခြင်းအခမ်းအနား ကျင်းပပြီးစီး

နေပြည်တော် ဇန် ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတွင် လစဉ်ဖတ်ကြားလျက်ရှိသော ဌာနတွင်း သုတေသန စာတမ်း ဖတ်ကြားခြင်းအခမ်းအနားအား Video Conferencing system ဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၂၉ သောကြာနေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ စာတမ်းရှင် လ/ထညွှန်ကြားရေးမှူး၊ ဒေါ်မြတ်မာလာလွင် က မုတ္တမ (၃၂)မြို့နယ်တွင်ပါဝင်သည့် ဝါခရူမြို့ဟောင်း ကွင်းဆင်းသုတေသန ပဏာမလေ့လာချက် စာတမ်းကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။ စာတမ်းတွင် ဝါခရူမြို့၏ မြို့ရိုးဟောင်း၊ ကျုံးဟောင်းနှင့် ရှေးဟောင်းဂဝံကုန်းများ၊ မြို့ဟောင်းအကျယ်အဝန်းတို့နှင့် မြို့ဟောင်းတွင်းရှိ သမိုင်းအထောက်အထားများကို တင်ပြထားပါသည်။ ထို့နောက်စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။