ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှိ ဂေါပကများထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့်ဘုရား(၁၄)ဆူ၏ ဂေါပကများနှင့် ဝန်ထမ်းများအား ဘုရားအတွင်းဖူးမြော်ခွင့်ပြုမည့် အစီအစဉ်နှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များအား သင်တန်းပို့ချခြင်း

ရှေးဟောင်းသုတေသသ နှင့် အမျိုးသာပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ခံနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးကော်မတီ ဒေသခံကော်မတီဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင် သာသနာရေးဦးစီးဌာနတို့ပူးပေါင်း၍  ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှိ ဂေါပကအဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ဘုရား(၁၄)ဆူ၏ ဂေါပကနှင့် ဝန်ထမ်းများအား ဘုရားပေါ်သို့ ဖူးမြော်ခွင့်ပြုမည့် SOP (Standard Operating  Procedure )နှင့် လိုက်နာရမည့် စည်းကမ်းချက်များ နှင့်ပတ်သက်၍ (၁၄.၁.၂၀၂၁)ရက်နေ့မှစ၍ စူဠာမဏိဘုရား ၊ ဓမ္မရံကြီးဘုရား ၊ ပြဿဒ်ကြီးဘုရား၊ ဗူဘုရား ၊ မဟာဗောဓိဘုရား ၊ မနုဟာဘုရား ၊ မြစေတီဘုရား ၊ လောကနန္ဒာဘုရား၊ ကန်တော့ ပလ္လင်ဘုရား၊ ရွှေဆံတော်ဘုရား ၊ တုရင်တောင်ဘုရားတို့၏ ဂေါပကများနှင့် ဝန်ထမ်းများကို သင်တန်းပို့ချခဲ့ပါသည်။ ကျန်ရှိနေသော ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဘုရားဂေါပကအဖွဲ့နှင့် ဝန်ထမ်းများကိုလည်း ဆက်လက်၍ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။