ASEAN SOCIO-CULTURAL COMMUNITY COUNCIL (SOCA) RETREAT
၈.၂.၂၀၂၁နေပြည်တော်
၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် သီးသန့်အစည်းအဝေးကို ယနေ့နံနက် မြန်မာစံတော်ချိန် (၈:၃၀)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် လေ့လာသူများတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဘရူနိုင်းဒါရူဆလမ် နိုင်ငံက တာဝန်ယူဆောင်ရွက်ရမည့် ၂၀၂၁ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။